Khant Naing Win

Biography

ကျွန်တော်ကတော့ “ခန့်နိုင်ဝင်း” ပါ… သူငယ်ချင်းတွေကတော့ “ကိုခန့်” “ခန့်” လို့ ခေါ်ကျပါတယ်… အသက်ကတော့ (၂၁)နှစ် ရှိပါပြီ… သြဂုတ်လမှာ (၂၂)ပြည့်မှာပါ …. Teen Radio မှာ အငယ်ဆုံး ညီလေး / မောင်လေးပါ… ကျွန်တော်က သီချင်းတွေနားထောင်ရတာနှင့်အတူ “ က “ ရတာကို ကြိုက်ပါတယ်… သီချင်းတွေနဲ့ ပဲအမြဲအတူရှိနေတတ်တဲ့သူပါ… ကျွန်တော်က လူတိုင်းကို ခင်တတ်ပါတယ်… သဘောလည်းကောင်းပါတယ်… အချိန်တိုင်း Game ကစားတာနဲ့ သီချင်းနားထောင်တာကို အမြဲလုပ်နေတတ်တာပါ … သီချင်းအသစ်တွေ / အရမ်းကောင်းတဲ့ သီချင်းတွေကို ပရိသတ်ကြီးအတွက် အမြဲတင်ဆက်ပေးပါရစေ ^_^

Teen Radio

Teen Radio ကို ကြိုက်နှစ်သက်နေရတာကတော့ ဘယ်အချိန်ဖွင့်ဖွင့် အရမ်းကောင်းတဲ့သီချင်းတွေ / အချိန်နဲ့ တပြေးညီဖြစ်ပျက်နေတဲ့ သတင်းတွေ/ လူငယ်တွေနဲ့သက်ဆိုင်တဲ့ အဖြစ်အပျက်တွေ/ခံစားချက်တွေ နဲ့အတူ အရမ်းမိုက်တဲ့ သီချင်းအသစ်တွေကို နားထောင်နေရတာပါပဲ